စီးပွားရေးလုပ်ငန်းအကြံဉာဏ်ရှိရုံဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်သည့်မြန်မာနိုင်ငံ၏ တစ်ခုတည်းသော Startup ပြိုင်ပွဲအား 
ဖန်တီးရာတွင်စတင်ကျင်းပနေပြီဖြစ်
 
Phandeeyar Accelerator မှ ဦးစီး၍ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော USAID၊ Proximity Designs၊ Get နှင့် Visa တို့နှင့် အတူ (၉) ရက်ကြာပြိုင်ဆိုင်မည့် Startup ပြိုင်ပွဲကြီးစတင်နေပြီဖြစ်
စွန့်ဦးတီထွင်မှု လုပ်ငန်းစချင်သော လူငယ်လူရွယ် ရာပေါင်းများစွာမှ စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁၅,၀၀၀ ကျော် နှင့် ၎င်းတို့၏ နည်းပညာ အခြေပြု စီးပွားရေးလုပ်ငန်းများစတင်ရန် အထောက်အကူများ ရရှိရန် ယှဉ်ပြိုင်ကြမည်ဖြစ် 
FOR IMMEDIATE RELEASE
ဇူလိုင်လ (၂၃) ရက် တနင်္လာနေ့၊ ၂၀၁၈ ခုနှစ်
ရန်ကုန် – မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နည်းပညာ Startup Accelerator တစ်ခုဖြစ်သောဖန်တီးရာ Accelerator မှ စီးပွားရေးလုပ်ငန်းအကြံဉာဏ်ရှိရုံြဖင့်ပါဝင်ယှဉ်ပြိုင်နိုင်သော Startup ပြိုင်ပွဲတစ်ခု ဖြစ်သည့် ၂၀၁၈ ခုနှစ် Startup Chanllenge အား  ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ပြီးကျင်းပနေပြီဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်နေ့အထိ ဖန်တီးရာ တွင်ပြုလုပ်မည်ဖြစ်ပါသည်။
Startup Challenge သည် ၉ ရက်ကြာ ကျင်းပမည့် ပြိုင်ပွဲဖြစ်သည်။ ၎င်းပွဲတွင် စွန့်ဦးတည်ထွင်သူများက အဖွဲ့ဖွဲ့ ၍ အလားအလာ အကောင်းဆုံး နည်းပညာ ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရန် ကြိုးစားကြရမည်ဖြစ်သည်။ အနိုင်ရရှိသည့် အသင်းများသည် စုစုပေါင်းဆုကြေးငွေ ဒေါ်လာ ၁၅၀၀၀ ကျော် အား ရရှိကြမည်ဖြစ်သည်။ အနိုင်ရရှိသူများသည် ဖန်တီးရာ Accelerator ၏ Pre-Accelerator အစီအစဉ် ကိုလည်း ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ၎င်း အစီအစဉ်တွင် ထိရောက်သော လမ်းညွှန်ပြသမှု၊ Phandeeyar ၏ Mentor ကွန်ယက်နှင့် ချိတ်ဆက်နိုင်မှုတို့ နှင့်အတူ အင်တာနက်ဆက်သွယ်မှု၊ meeting ခန်းများ စသည်တို့ပါဝင်သော    ရုံးခန်းနေရာအား ဖန်တီးရာမှ ထပ်မံပြီးထောက်ပံ့ပေးမည်ဖြစ်သည်
Startup Challenge ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ နည်းပညာစီးပွားရေးလုပ်ငန်းများ ပိုမိုများပြားလာစေရန်အတွက် တွန်းအားပေးရန်ဖြစ်သည်။
ဖန်တီးရာ၏ CEO ဖြစ်သူ Mr. Jes Kaliebe Petersen မှလည်း အောက်ပါအတိုင်းပြောကြားသည်။
“ကျွန်တော်တို့ Startup Challenge ကိုလုပ်တာ အခု ၂၀၁၈ ခုနှစ်ပွဲနဲ့ဆိုရင် ၃  ကြိမ်တိုင်တိုင်ရှိပြီဖြစ်ပါတယ်။ လုပ်တဲ့အကြိမ်တိုင်းမှာလည်း တစ်နှစ်ထက်တစ်နှစ် ပြိုင်ပွဲဝင်တွေပိုမိုများပြားလာပါပြီး သူတို့လုပ်ချင်တဲ့ နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းတွေရဲ့ အိုင်ဒီယာတွေလည်း ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ အခုပွဲက ပြိုင်ပွဲလုပ်ပြီး  အနိုင်ရရှိတဲ့အသင်းကို ဆုပေးရုံတင်မဟုတ်ပဲ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို တစ်ကယ်စတင်လုပ်ကိုင်နိုင်အောင်ြပုလုပ်ပေးမယ့် ဖန်တီးရာ Accelerator ရဲ့ Pre-Accelerator အစီအစဉ်ကိုလည်း ပါဝင်ခွင့်ရမှာဖြစ်လို့ ကိုယ်ပိုင်လုပ်ငန်း စတင်ချင်တဲ့သူတွေ၊ အကြံဉာဏ် ရှိပြီးသားသူတွေအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်ပါတယ်။”
ယခုနှစ် Startup Challenge တွင် မြန်မာနိုင်ငံတွင် အဓိကလိုအပ်နေသော ကဏ္ဍများဖြစ်သည့် နည်းပညာဆိုင်ရာ စီပွားရေး ကဏ္ဍကြီး (၃)ခု အတွက် အဓိကထားပြီး ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ ၎င်းတို့မှာ Tech for Farm (လယ်ယာစီးပွားရေး အတွက် နည်းပညာ)၊ Tech for Life (လူနေမှုအတွက် နည်းပညာ)၊ Tech for Company  (ကုမ္ပဏီများအတွက် နည်းပညာ) တို့ ဖြစ်သည်။
Startup Challenge ပြိုင်ပွဲသည် ဝင်ရောက်ယှဉ်ပြိုင်ကြသူများ၏ စီးပွားရေး အိုင်ဒီယာများကို တစ်ပတ်အတွင်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ကူညီပေးမည့် ပြိုင်ပွဲကြီးဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်မည့်သူများသည် မတူညီသော ကဏ္ဍ ၃ ခု ထဲမှ ရွေးချယ်ပြီး ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကဏ္ဍအလိုက် ကျွမ်းကျင်သော နည်းပြများနှင့် အလုပ်ရုံဆွေးနွေးပွဲ၊ ၎င်းတို့အား မိမိတို့လုပ်ငန်းကို ရှင်းပြခြင်း (pitching)တို့ ပါဝင်မည်ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် မိမိတို့ လုပ်ငန်း၊ အိုင်ဒီယာတို့၏ တိုးတက်မှု နှင့် နောက်ဆုံး အခြေအနေကို ပြည်တွင်းပြည်ပ ပညာရှင်များရှေ့တွင် တင်ဆက်ခြင်းတို့ပြုလုပ်ရမည်ဖြစ်ပြီး ၎င်းတို့မှ အနိုင်ရရှိမည့်အသင်းအား ရွေးချယ်ကြမည်ဖြစ်သည်။
ဖန်တီးရာ၏ Entrepreneurship Manager ဖြစ်သော ကိုအာကာဖြိုးမှလည်း အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။
ဒီပွဲမှာ နည်းပညာကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကို မြင့်မားအောင် ဆောင်ရွက်ပေးမယ့် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ အကြံဉာဏ်ရှိသူတွေက ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။  စွန့်ဦးတီထွင်လုပ်ငန်း လုပ်ချင်သူတွေလိုအပ်မယ့် အရည်အသွေးတွေကို စာတွေ့သာမက လက်တွေ့မှာအကောင်အထည်ဖော်နိုင်ေအာင် လေ့ကျင်သင်ကြားပေးမှာဖြစ်လို့ ဆုရရှိသည်ဖြစ်စေ၊ ဆုမရသည်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအကုန်လုံး အကျိုးရှိမှာဖြစ်ပါတယ်။ အနိုင်ရရှိတဲ့အသင်းက ဆုကြေးငွေကိုရရှိမယ့်အပြင် ကိုယ်ပိုင် ကုမ္ပဏီတစ်ခု တည်ထောင်နိုင်တဲ့အထိ  လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။ 
 
နောက်ပြီးတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်လိုသူတွေကို မြေတောင်မြှောက်ပေးတဲ့ အခုလိုပွဲမျိူးကို ဖန်တီးရာကနေ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ြပီး ပွဲဖြစ်မြောက်အောင် အဓိကကူညီပေးတဲ့ USAID အပြင်  Partner တွေဖြစ်တဲ့ Proximity Design၊ Get digital store နဲ့ Visa တို့ရဲ့ ပူးပေါင်းပါဝင်မှု မရှိခဲ့ဘူးဆိုရင်လည်း ဒီပွဲက ဖြစ်ပေါ်လာမှာ မဟုတ်တဲ့အတွက် သူတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်သူများသည် ပြိုင်ပွဲအတွင်း အခြားသော နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အသိပညာ အတတ်ပညာမျာကို လေ့လာသင်ယူခွင့်တို့ကိုလည်း ရရှိမည်ဖြစ်ပါသည်။ Starup Challenge တွင် လာရောက်ယှဉ်ပြိုင်မည့်သူများကို Lean Canvas ဖြင့် သင်ကြားပေးသွားမှာဖြစ်ပြီး Lean Canvas သည် စီးပွားရေးအိုင်ဒီယာတစ်ခုကို လုပ်ငန်းတစ်ခုဖြစ်ပေါ်နိုင်အောင် စမ်းသပ်တည်ဆောက်ပေးသော ကမ္ဘာကျော် နည်းစနစ် တစ်ခုဖြစ်ပါသည်။
ယခုပြိုင်ပွဲတွင် ကဏ္ဍကြီး ၃ ခုအလိုက် ပထမ နှင့် ဒုတိယ ရရှိသော အသင်းများအား ဆုပေးမည်ဖြစ်ပြီး ပထမရရှိသောအသင်းသည် ဆုကြေးငွေ ဒေါ်လာ ၃၀၀၀၊ ဒုတိယ ရရှိသောအသင်းသည် ဒေါ်လာ ၂၀၀၀ ရရှိမည်ဖြစ်သောကြောင့် ပြိုင်ပွဲကြီးတစ်ခုလုံးတွင် ဆုချီးမြှင့်မည့်ငွေသား စုစုပေါင်းမှာ ဒေါ်လာ ၁၅,၀၀၀ ရှိမည်ဖြစ်သည်။ ထို့အပြင် အဆိုပါအသင်းများသည် ဖန်တီးရာ Pre-Accelerator အစီအစဉ် ကိုလည်း ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
Startup Challenge 2018 ကို  ဖန်တီးရာမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပွဲကျင်းပနိုင်အောင် ထောက်ပံ့ကူညီပေးသည့် အဖွဲ့အစည်းများမှာ USAID, Proximity Designs၊ Get digital store နှင့် Visa တို့ဖြစ်ပါသည်။ မီဒီယာ Partner အဖြစ် Duwon မှ ပါဝင်ထားပါသည်။
Proximity Design ၏ Digital Services Manager ဖြစ်သော ကိုပိုင်ဟိန်းထက် မှ အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။
“မြန်မာနိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို ကူညီဖို့ Proximity Design က အမြဲတန်း အဆင်သင့် ဖြစ်နေပြီးသားပါ။ နောက်ပြီးတော့ ထောင်ပေါင်းများစွာသော တောင်သူလယ်သမားမိသားစုတွေရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မယ့် အိုင်ဒီယာအသစ်တွေ၊ တီထွင်မှုတွေကိုမြင်တွေ့ရတဲ့အတွက်လည်း အားရကျေနပ်ပါတယ်။ အခုလို ဖန်တီးရာနဲ့ပူးပေါင်းပြီးတော့ တိုးတက်အောင်မြင်တဲ့ ဂေဟစနစ်ကို ဖော်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို နည်းပညာသုံးပြီး ပြောင်းလဲချင်စိတ်ရှိတဲ့ စွန့်ဦးတီထွင်သူတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့လည်း မျှော်လင့်ပါတယ်။
Get Digital Store ၏ Co-founder နှင့် CEO ဖြစ်သူ ကိုငြိမ်းချမ်းစိုးဝင်းမှ အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။
Get ရဲ့ ရည်ရွယ်ချက်က က စွန့်ဦးတီထွင်သူတွေ၊ အသေးစား နဲ့ အလတ်စား လုပ်ငန်းလုပ်ကိုင်သူတွေကို အမြဲတန်း ထောက်ခံကူညီဖို့ပါ။ အခု ကျင်းပနေတဲ့ Startup Challenge မှာ ပါဝင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက  မြန်မာပြည်သူပြည်သားတွေကို နည်းပညာကတဆင့် တိုးတက်ပြောင်းလဲအောင် ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဖန်တီးရာက မြန်မာနိုင်ငံရဲ့ Startup ရပ်ဝန်းကို တိုးတက်ပြောင်းလဲအောင် ကျင်းပပေးတဲ့ အခုလိုမျိုးပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူပျော်ရွှင်ပါတယ်။”
Visa Myanmar ၏ Country Manager ျဖစ္သူ Arturo Planell မွ
“Startup Challenge 2018 မှာ အခုလို ပါဝင်ကူညီပြီး ပြည်တွင်းမှာရှိတဲ့ ငွေကြေးနည်းပညာ ရပ်ဝန်းကို ကူညီခွင့်ရရှိတဲ့အတွက် စိတ်လုပ်ရှားမိပါတယ်။ အီလက်ထရွန်းနစ် ငွေပေးချေမှု စနစ်ကနေတဆင့် မြန်မာနိုင်ငံထဲက စီးပွားရေးတွေ၊ စားသုံးသူတွေက အကျိုးအမြတ်ရရှိဖို့ အခွင့်အရေးတွေ အများကြီး ရှိနေပါတယ်။ အခုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ Startup အသင်းတွေဆီကနေ ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်ဝန်ဆောင်မှုတွေ ထွက်လာအောင် မျှော်လင့်ပြီး  အသင်းတွေလည်း အကောင်းဆုံးယှဉ်ပြိုင်နိုင်အောင် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ကဏ္ဍတစ်ခုချင်းစီအကြောင်းကို အောက်ပါ ဇယားကွက်ထဲတွင် ဖော်ပြထားပါသည်။

ကဏ္ဍအမည်

အကြောင်းအရာ

Tech for Farm (လယ်ယာစီးပွားရေး အတွက် နည်းပညာ)

 မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးဖြစ်သော လယ်ယာစီးပွားရေးလုပ်ငန်းကို ယခုထက်ပိုပြီး တိုးတက်စေရန်၊၊ အကျိုးအမြတ်များပိုမို ဖြစ်ထွန်းစေရန်၊ နည်းစနစ်မှန်မှန်နှင့်  အလေအလွင့်များ မရှိစေရန် ပါဝင်ကူညီပြုလုပ်လိုများအတွက်

 

Tech for Life (လူနေမှုအတွက် နည်းပညာ)

လူသားတွေ၏ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး၊ ဆက်သွယ်ရေး၊ အလုပ်အကိုင်နှင့်  လူနေမှု ဘဝများတွင် လိုအပ်နေသော ကဏ္ဍများကို  နည်းပညာသုံးပြီး ပိုမိုတိုးတက် တီထွင်ဆန်းသစ် စေလိုသူများအတွက် 

Tech for Company (ကုမ္ပဏီများအတွက် နည်းပညာ)

ကုမ္ပဏီများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို နည်းပညာဖြင့် အထောက်အကူပြုလိုသူများ အတွက်

ယခု (၉)ရက်တာ ပြိုင်ပွဲ ကာလအတွင်းတွင် ရာပေါင်းများစွာသော စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပူးပေါင်းပါဝင် နေပြီဖြစ်ပါသည်။ ဖန်တီးရာ သည် Startup Challenge ပြိုင်ပွဲကြီးကို ၂၀၁၅ ခုနှစ်မှစတင်ပြီး နှစ်စဉ် ကျင်းပခဲ့ပြီး အသင်းပေါင်း (၁၅၀) ကျော်. ပြိုင်ပွဲဝင်ပေါင်း (၅၀၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ Startup Challenge သို့ပါဝင်ယှဉ်ပြိုင်ခဲ့သော အသင်းများအနက် အသင်းပေါင်း (၅) သင်း သည် ဖန်တီးရာ Accelerator အတွက်ရွေးချယ်ခံခဲ့ရပြီး ယခုချိန်တွင် အာမခံချက်ရှိသည့် နည်းပညာအခြေပြု စီးပွားလုပ်ငန်းများအဖြစ် လည်ပတ်နေကြပြီဖြစ်သည်။
StartUp Challenge 2018 အကြောင်း အသေးအစိတ် အချက်အလက်များကို အောက်ပါ လင့်(ခ်)တွင် လေ့လာ နိုင်သည်။ http://phandeeyar.org/startup-challenge-2018/
ပြိုင်ပွဲနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို အချိန်နဲ့ တပြေးညီ သိရှိနိုင်စေရန် Phandeeyar ၏ Facebook Page https://www.facebook.com/phandeeyar  မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။