ဖန်တီးရာမှ ရွေ့လျားနေသော နည်းပညာ အစီအစဉ်များကို မိတ်ဆက်လိုက်ပြီး ရန်ကုန်မြို့ပြင်ပသို့ ချဲ့ထွင်မည်

 မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်များ နည်းပညာ တတ်ကျွမ်းမှု ပိုမိုရရှိစေရန်

Innovation Bus အစီအစဉ်မှ ရည်ရွယ်

Phandeeyar Innovation Bus သည် ဆန်းသစ်သော နည်းပညာ အစီအစဉ် လေးမျိုးကို မြန်မာနိုင်ငံတစ်ဝှမ်းသို့ ယူဆောင်လာမည်ဖြစ်

အောက်တိုဘာလ ၅ ရက် သောကြာနေ့၊ ၂၀၁၈ ခုနှစ်
ရန်ကုန် –  ရန်ကုန်မြို့လယ်တွင်တည်ရှိပြီး နည်းပညာအသုံးပြုမှုကို မြှင့်တင်ရန်နှင့်  မြန်မာနိုင်ငံ၏ တိုးတက်မှုကို တွန်းအားပေးရန် ဆောင်ရွက်နေသည့် နည်းပညာဆုံရပ်တစ်ခုဖြစ်သော ဖန်တီးရာသည် ရွေ့လျားနေသော နည်းပညာ အစီအစဉ်များ (moving innovation lab) ကို မိတ်ဆက်ခဲ့ပါသည်။
ရွှေ့လျားနေသော နည်းပညာဆုံရပ်တစ်ခုဖြစ်သည့် ဖန်တီးရာ Innovation Bus အား ရန်ကုန်မြို့တွင်သာမက မြန်မာနိုင်ငံတစ်ဝှမ်းတွင်ရှိေသာ လူငယ်များပါ နည်းပညာနှင့်ပတ်သတ်သော ပစ္စည်းကိရိယာများ၊ အတတ်ပညာများကို ထိတွေ့ရင်းနှီးနိုင်စေရန် ရည်ရွယ်ပြီး ၆လအတွင်း မြန်မာနိုင်ငံရှိမြို့များသို့ သွားရောက်မည်ဖြစ်ကာ မတူညီသော နည်းပညာ အစီအစဉ် လေးခုကို ယူဆောင်လာမည်ဖြစ်ပါသည်။
ဖန်တီးရာ Innovation bus တွင် ပါဝင်လာမည့် အစီအစဉ်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အစီအစဉ် အမည်

အကြောင်းအရာ

Makerspace

စက်ပစ္စည်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်ရန် နိုင်ငံတကာအဆင့်မှီ စက်ပစ္စည်းများပါဝင်မည့် ဖန်တီးရာ Makerspace အစီအစဉ်လည်း ပါဝင်လာမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် လက်တွေ့ Workshop များ၊ 3D ပရင်တာ သုံးစွဲပုံတို့အပြင် နည်းပညာနှင့် စက်ပစ္စည်းကိရိယာများ ပေါင်းစပ်ခြင်းဖြင့် လူနေမှုဘဝများကို သိသိသာသာ ပြောင်းလဲနိုင်ကြောင်းတို့ကို ပြသသွားမည်ဖြစ်ပါသည်။

ဒေသတွင်း Startup Challenge

ဖန်တီးရာသည် မိမိတို့၏ ဒေသအတွင်းတွင် Startup Challenge (စီးပွားရေး အကြံဉာဏ် ပြိုင်ပွဲ) များကိုပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင် ကျင်းပခဲ့သော (၉ ရက်ကြာ) Startup Challenge ပြိုင်ပွဲကြီးအတိုင်း ပြုလုပ်မည်ဖြစ်ပါသည်။ အခုလို Startup Challenge ပြိုင်ပွဲငယ်များကို ပြုလုပ်ခြင်းအားဖြင့် ဒေသတွင်းရှိ နည်းပညာလုပ်ငန်း လုပ်ကိုင်လိုသူများအား အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး ၎င်းတို့၏ နည်းပညာ အိုင်ဒီယာများကို ဒေသတွင်းရှိ ပရိသတ်များနှင့် အကဲဖြတ်ဒိုင်လူကြီးတို့ထံတွင်လည်း တင်ဆင်ပြသခွင့် ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် ဒေသအတွင်းရှိ လူငယ်များ၏ အိုင်ဒီယာများ နှင့် ထိုးထွင်းသိမြင်မှုများကို မြှင့်တင်ပေးမည်ဖြစ်ပြီး ရေရှည်တည်တံ့ကာ ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။


ဒီဂျစ်တယ်လုံခြုံရေး Workshop များ

ဖန်တီးရာ၏ ဒီဂျစ်တယ်အခွင့်အရေးအဖွဲ့သည် moving innovation lab နှင့်အတူ ပါဝင်လာမည်ဖြစ်ပြီး ဒေသတွင်းရှိ အဖွဲ့အစည်း အသိုင်းအဝန်းတို့၏ ဒီဂျစ်တယ်လုံခြုံရေးနှင့်ပတ်သက်ေသာ workshop များကို အဓိကထားပြီး ပြုလုပ်မည်ဖြစ်ပါသည်။    

လူမှုအကျိုးပြု နည်းပညာ Hackathon များ

ဖန်တီးရာသည် ဒေသတွင်းတွင် ပြုလုပ်နိုင်အောင် စီမံဖန်တီးထားသည့် Hackathon ၃ ခုကိုလည်း နေရာဒေသခွဲ၍ ပြုလုပ်မည် ဖြစ်ပါသည်။ Hackathon များသည် (Hack နှင့် Marathon) တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး Developer များ၊ ဒီဇိုင်နာများ၊ ပရောဂျက် မန်နေဂျာများ နှင့် ကျွမ်းကျင်သူများ သည်  မာရသွန်ပြေးပွဲများကဲ့သို့ အချိန်တိုအတွင်း သတ်မှတ်ထားသော အခက်အခဲများကို နည်းပညာအသုံးပြုပြီး ဖြေရှင်းရမည်ဖြစ်သည်။ Hackathon များကို ပြုလုပ်ရသော ရည်ရွယ်ချက်မှာ အသုံးပြုနိုင်သော software များ (သို့မဟုတ်) အလားအလာ ရှိမည့် software များကို အချိန်တိုအတွင်း ဖော်ထုတ်ပေးနိုင်ရန် ဖြစ်ပါသည်။ Hackathon ကျင်းပမည့် နေရာဒေသပေါ်မူတည်ပြီး ဒေသခံများ၏ အခက်အခဲများကို ပါဝင်မည့်သူများကို ဖြေရှင်းစေမည်ဖြစ်ပါသည်။
ဖန်တီးရာ၏ CEO ဖြစ်သူ Mr. Jes Kaliebe Petersen က အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။
“ဖန်တီးရာကိုတည်ထောင်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအတွင်း နည်းပညာနဲ့ စွန့်ဦးတီထွင်လုပ်ငန်းကို အကျိုးပြုပေးဖို့ဖြစ်ပြီး နည်းပညာ အကူအညီနဲ့
 မြန်မာပြည်သူပြည်သားများအတွက် ကောင်းမွန်တဲ့ အပြုသဘောပြောင်းလဲမှုတွေလုပ်ဆောင်သွားဖို့အတွက် ရည်ရွယ်ပါတယ်။ အဲလို လုပ်ဆောင်တဲ့နေရာမှာ သတိပြုဖို့လိုတာက အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ နည်းပညာ ရပ်ဝန်းဟာ ရန်ကုန်၊ မန္တလေး နဲ့ တခြားမြို့ကြီးတွေမှာတင်မဟုတ်ပဲ  ဒီထက်မက ကျယ်ပြန့်ပါတယ်။  လွန်ခဲ့တဲ့လေးနှစ်ကစပြီး နည်းပညာဟာ  နိုင်ငံထဲကလူတွေရဲ့  လူနေမှုဘဝမှာ အဓိက အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်လာတာမို့လို့ အခုလို Innovation Bus အစီအစဉ်ကို စတင်လိုက်တာ ဖြစ်ပါတယ်။  ကျွန်တော်တို့အနေနဲ့ မြန်မာလူငယ်ကျောင်းသားတွေက နည်းပညာသုံးပြီး  မြန်မာပြည်သူပြည်သားတွေရဲ့ ဘဝကို တိုးတက်ပြောင်းလဲနိုင်ဖို့ အလားအလာကောင်းတွေ အများကြီးရှိတယ်လို့မြင်တယ့်အတွက် ဒီ Innovation Bus ကနေ သူတို့ရဲ့ အရည်အချင်းတွေကို ပိုမိုကောင်းမွန်လာအောင် အကောင်အထည်ဖော်ပေးသွားမှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့  လူငယ်နည်းပညာရှင်တွေ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ နဲ့ နိုင်ငံကို ပြုပြင်ပြောင်းလဲနိုင်မယ့်သူတွေ အတွက် အပြန်အလှန်အကျိုးသက်ရောက်မှုရှိေစမယ့် ပွဲတွေ၊ လှုပ်ရှားမှုတွေ တွေက်ု ပြုလုပ်ဖို့အတွက် Innovation Bus က အခုအချိန်ကစပြီး အဆင်သင့် ဖြစ်နေပြီဖြစ်ပါတယ်။ “
ယခု ပထမဦးဆုံးအနေဖြင့် Innovation Bus သည် တောင်ငူမြို့၊ ကွန်ပျုတာတက္ကသိုလ် (တောင်ငူ)သို့ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၆ ရက်နေ့ထိ သွားရောက်မည် ဖြစ်ပါသည်။ ထို့နောက်ပိုင်းတွင် မော်လမြိုင်မြို့နှင့် လားရှိုးမြို့များသို့ ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများတွင် သွားရောက်မည် ဖြစ်ပါသည်။
ဖန်တီးရာ၏ Tech Community Manager ဖြစ်သူ ကိုထွန်းခိုင်လင်းကလည်း အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။
“ဖန်တီးရာ Innovation Bus ကို မစတင်ခင်မှာ ဒေသတွင်းပွဲတွေကို ကျင်းပဖို့ နေရာတွေကို သေသေချာချာရှာဖွေ စဉ်းစားခဲ့ပါတယ်။  အဲလိုရှာဖွေပြီး အကောင်းဆုံးဖြစ်မယ့်မြို့တွေကို ရွေးချယ်ခဲ့တာ ဖြစ်ပြီး ကွန်ပျူတာ တက္ကသိုလ် (တောင်ငူ) ကနေ စတင်မှာဖြစ်ပါတယ်။ အခုလိုမျိူးပွဲကို တောင်ငူမြို့မှာ ကျင်းပနိုင်ခဲ့တဲ့အတွက် မြို့နေ လူထု နဲ့ ကျောင်းသူကျောင်းသား လူငယ်တွေအတွက်လည်း အကျိုးအမြတ်တွေ အများကြီးဖြစ်ထွန်းမယ်လို့လည်ေဒါ်အိအိလှိုင် တို့ ဖက်ကလည်း တန်ဖိုးရှိတဲ့ အကူအညီတွေအများကြီးရရှိခဲ့ပါတယ်။ ဖန်တီးရာ ရောက်ရှိမယ့်နေရာတိုင်းမှာ Startup ရပ်ဝန်းတွေကို ထည်ထောင်ပေးပြီး အကူအညီတွေကို အမြဲတန်းအတွက် ပေးအပ်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်။”
ယခုပြုလုပ်မည့် အစီစဉ်များကို ၈ ရက်ကြာပြုလုပ်မည်ဖြစ်ပြီး ပါဝင်လိုသူ မည်သူမဆို ဖန်တီးရာ၏ Facebook စာမျက်နှာမှတဆင့်လည်း စာရင်းပေးသွင်းနိုင်ပါသည်။