Startup Pirate Metrics – AARRR!

စီးပွားရေးလုပ်ငန်း တစ်ခုတွင် သုံးစွဲသူ၊ ဝယ်သူ များပြီး လုပ်ငန်းလည်ပတ်နိုင်မှသာ အောင်မြင်မှာ ဖြစ်ပါသည်။ ထိုသို့အောင်မြင်ရန် မိမိ၏ ဖောက်သည်များ၏ customer journey ကိုအသေးစိတ် တိုင်းထွာလေ့လာရန် လိုအပ်ပြီး၊ ၎င်းတို့မှ မိမိလုပ်ငန်းအား ကနဦး ရှာဖွေတွေ့ရှိခြင်းမှစ၍ နောက်ဆုံး မိမိလုပ်ငန်းအား အားပေးသည်အထိ အဆင့်ဆင့်တိုင်းကို ကောင်းသည်ထက် ကောင်းအောင် ကြိုးစားသင့်သည်။

Startup pirate metrics ဆိုသည်မှာ customer journey ၏အဆင့်ဆင့်ကို ပုံဖော်ထားသော AARRR! ဟု အတိုကောက် မှတ်ယူနိုင်သည့် တိုင်းထွာနိုင်ရန် အချက်များ ဖြစ်သည်။ ၎င်းအချက်များမှာ

AARRR

တို့ဖြစ်သည်။ ထို အချက်များ၏ အဆင့်ဆင့်တွင် ပြောင်းလဲနိုင်မှု ရာခိုင်နှုန်း conversion % ပေါ်မူတည်၍ တဖြေးဖြေး လျှော့နည်းလာရာ ကတော့ ပုံစံအနေအထားဖြင့် မြင်နိုင်သည်။ လုပ်ငန်းအတွက် အရေးပါဆုံးဖြစ်သည် ဝင်ငွေများရန် conversion % ရာခိုင်နှုန်း ကို အဆင့်ဆင့်တိုင်းတွင် များရန် ကြိုးစားသင့်သည်။

Acquisition

Acquisition – သင်၏ ရောင်းအားမြှင့်တင်ခြင်များမှ တစ်ဆင့် သင့် app အား ကနဦး စတင်တွေ့ရှိခြင်း ဖြစ်သည်။ အချို့ လူများသည် သင်၏ အင်တာနက်စာမျက်နှာ၊ app store စာမျက်နှာသို့ ရောက်လာပြီး ဟိုကြည့်ဒီကြည့်ပြီး ပြန်လစ်သွားကြသည်။ အချို့မှာ သင့် app ကို ဆွဲချပြီး စမ်းသွင်း ကြည့်ကြသည်၊ သင့် website တွင် account သွင်းကြသည်။ ဤအဆင့်တွင် အရေးကြီးသည်မှာ သင့် ရောင်းကုန်အား စမ်းသုံးကြည့်ခြင်း၊ စိတ်ထဲစွဲသွားခြင်း တို့ဖြစ်သည်။

အရောင်းမြှင့်တင်ရာ sales channel များ သုံးရာတွင် နည်းလမ်းမျိုးစုံ စမ်းသပ်ရန် လိုအပ်ပြီး၊ ပိုအရေးကြီးသည်မှာ မည့်သည့် အရောင်းမြှင့်တင်ပုံသည် မည်ကဲ့သို့ အလုပ်လုပ်ပုံ၊ မည်ကဲ့သို့ ရလဒ်မျိုးရရှိနိုင်ပုံ တို့ကို အသေးစိတ် နားလည် သဘောပေါက်ရန်ဖြစ်သည်။ ထိုသို့ နားလည်သဘောပေါက်ပါက အကောင်းဆုံးဖြစ်သည့် channel များကိုသာ အာရုံစိုက်ပြီး အရောင်းမြှင့်တင်သင့်သည်။

အစကောင်းမှ အနှောင်းသေချာမည် ဆိုသကဲ့သို့ acquisiton ထိရောက်မှုရှိမှသာ နောက်အဆင့်များတွင် ကောင်းမွန်နိုင်သည်။ အချို့ ရောင်းကုန်များသည် ကောင်းသော်လည်း acquisition တွင် လိုအပ်မှုများကြောင့် ထိုက်သင့်သည့် အောင်မြင်မှုများနှင့် လွှဲခဲ့ရသည်။

Activation

Activation – သင်၏ app အား ပထမဆုံးအချိန် စတင် စမ်းသုံးကြည့်ခြင်းဖြစ်သည်။ ပထမဆုံး အသုံးပြုမှုအတွက် လွယ်ကူချောမွေ့ရန် အတတ်နိုင်ဆုံး သုံးစွဲသူအနေဖြင့် အရိုးစင်းဆုံးဖြစ်အောင် စဉ်းစားပုံစံဆွဲသင့်သည်။

အချို့ app များတွင် သွင်းပြီး သုံးသုံးချင်း စာရင်းသွင်းခိုင်းခြင်း၊ မည်သို့မည်ပုံ သုံးစွဲရမည်ကို ရှင်းလင်းစွာ မဖော်ပြထားခြင်းကြောင့် သုံးစွဲသူသည် ဆက်လက်သုံးစွဲရန် စိတ်မရှည်တော့ပဲ ဖျက်ပစ်လိုက်သည်အထိ ဖြစ်နိုင်သည်။ ထိုသို့ မဖြစ်ရန် စာရင်းသွင်းခိုင်းခြင်းကို တတ်နိုင်သလောက် နောက်သို့ရွှေ့ခြင်း၊ လိုအပ်ပါကလည်း အခြား social accounts များမှ ဝင်နိုင်အောင်ပြုလုပ်ပေးခြင်း၊ သုံးစွဲရလွယ်ကူရန် ပုံများဖြင့် ရှင်းလင်းဖော်ပြခြင်း တို့ကို ပြုလုပ်ပြီး ပထမဆုံးအသုံးပြုသည့် အတွေ့အကြုံကို အကောင်းဆုံးဖြစ်အောင် ဖန်တီးသင့်သည်။

Retention

Retention – စမ်းသုံးပြီ:နောက် အဆင်ပြေသည့်အတွက် အခြေချ သုံးစွဲခြင်းဖြစ်သည်။ ထိုသို့ သုံးစွဲမှု များစေရန် သင်၏ app အတွင်း စွဲဆောင်သည့် hook ချိတ်များကို အသေးစိတ်ဖန်တီးထားခြင်း၊ သုံးစွဲသူများ စိတ်ထဲတွင် သင်၏ app အကြောင်း သတိရစေရန် သတင်းစဉ် newsletter ဖြစ်စေ၊ အကြောင်းကြားချက် notification ဖြစ်စေ၊ ထပ်မံ အရောင်းမြှင့်တင်ခြင်း remarketing သို့ retargeting ဖြစ်စေ ပြုလုပ်နိုင်သည်။

ထိုသို့ပြုလုပ်ရာတွင်လည်း သုံးစွဲသူများကို အသက်အရွယ်၊ နေရပ်ဒေသ၊ သုံးစွဲသည့် ပုံစံပေါ်မူတည်၍ အပိုင်းအစိတ် segment များခွဲပြီး၊ segment အလိုက် ထိရောက်သည့် retention mechanism လုပ်ကိုင်ပုံစံများ ကို စမ်းသပ် သိရှိ အသုံးပြုသင့်သည်။

သင့်တွင် ရရှိထားသော ဖောက်သည်များကို retention အတွက် ကျေနပ်အောင် ရေရှည်ထိန်းထားခြင်းသည် အသစ်အသစ်သော ဖောက်သည်များရရန် acquisition အတွက် ကြိုးစားနေခြင်းထက် အကုန်အကျ သက်သာပြီး ပို၍ ထိရောက် အကျိုးများသည်။

Referral

Referral – သင်၏ လက်ရှိ သုံးစွဲသူများမှ ကြိုက်၍ဖြစ်စေ၊ အသုံးတည့်၍ဖြစ်စေ၊ အခြားအကြောင်းများ ကြောင့်ဖြစ်စေ၊ သင်၏ app သို့ ဝင်ဆောင်မှုကို ၎င်းတို့၏ မိတ်ဆွေများထံသို့ ထောက်ခံရည်ညွှန်းပေးခြင်း ဖြစ်သည်။ Referral သည် အများအားဖြင့် အခြားအရောင်းမြှင့်တင်ခြင်းများထက် ကုန်ကျစရိတ်သက်သာပြီး ပို၍ထိရောက်သည်။

Referral များများရသည့် အဓိကအချက်မှာ သင်၏ app သို့ ဝင်ဆောင်မှုသည် စွန်းကောင်း၍ဖြစ်သည်။ ထို့အပြင် ဖောက်သည်များအတွက် loyalty program များ၊ ကူးစက်ပျံ့ပွားလွယ်သည့် အရောင်းမြှင့်တင်ခြင်း viral marketing၊ အခြား မက်လုံးပေးသည့် incentive program များ အသုံးပြု၍ လက်ရှိ သုံးစွဲသူများမှ အခြားသို့ ဝေမျှရည်ညွှန်းရန် ပုံဖော်နိုင်သည်။

သတိပြုသင့်သည့်အချက်မှာ သင်၏ ရောင်းကုန် သို့ ဝင်ဆောင်မှုသည် အတည်မကျခင် referral များရန် ပြုလုပ်ခြင်းကြောင့် အသစ်ရောက်ရှိလာမည့် သုံးစွဲသူများသည် အဆင်ပြေမှုမရှိပါက သင်၏ brand အမှတ်တံဆိပ်ပုံရိပ်ကို ထိရောက်နိုင်သည်။

Revenue

Revenue – သုံးစွဲသူများမှ ဝယ်ယူအားပေးခြင်းကြောင့် ရရှိသည့် ဝင်ငွေဖြစ်သည်။ သင်၏ app သို့ ဝင်ဆောင်မှုသည် freemium ဖြစ်ပါက အခမဲ့ အစမ်းသုံးနေသည့် သုံးစွဲသူများမှ ကျသင့်ငွေပေး၍ သုံးစွဲခြင်းသည်။ သင်၏ app သို့ ဝင်ဆောင်မှုသည် ကြော်ငြာပေါ်မူတည်၍ ဝင်ငွေရှာခြင်းဖြစ်ပါက သုံးစွဲသူတစ်ယောက်ကြောင့် ကြော်ငြာမှ ရရှိသည့် ဝင်ငွေဖြစ်သည်။

Revenue ဝင်ငွေသည် စီးပွားရေးတစ်ခု၏ ပင်မ အသက်သွေးကြောဖြစ်ပြီး တိကျစွာတိုင်းထွာရန် အရေးကြီးသည်။ Customer lifetime value (Link) ကို​သိရှိမှသာ customer acquisition cost ကိုမည်မျှ သုံးစွဲသင့်သည်ကို သိရှိနိုင်ပြီး၊ တွက်ချေကိုက်သည့် စီးပွားရေးတစ်ခုအဖြစ် လည်ပတ်နိုင်မည်။

AARRR ဟု အလွယ်တကူမှတ်ယူနိုင်သော customer journey သည် ဤတွင် ပြီးဆုံးသည်ဟု မှတ်ယူမသင့်ပဲ အမြဲလည်ပတ်နေသည့် lifecycle အဖြစ် မှတ်ယူပြီး lifecycle ကို ကောင်းသည်ထက် ကောင်းအောင် အဆင့်ဆင့်တွင် တိုင်းထွာပြီး၊ အစဉ်အမြဲ တိုးတက်မှုများရရန် စမ်းသပ် သိရှိ ဆောင်ရွက်သင့်သည်။

((Content and images inspired by: Link))