Phandeeyar’s New CEO
Phandeeyar's New CEO
We have got some exciting news: from 1st July, we will have a new CEO: Jes Kaliebe Petersen. Jes is a familiar face in our community – he’s our current Accelerator Director.
The Phandeeyar Board conducted a six month long, world wide search to find an audacious leader to take the organization to the next level. Jes was by the far the best candidate from the more than 400 that were considered.
Founder & current CEO, David Madden said: “Jes has already shown the big impact that he can have on the tech ecosystem, running Myanmar’s first-ever startup Accelerator, launching Founder Institute Yangon and organizing the country’s biggest startup competition”.
Jes said: “I’m passionate about using technology to accelerate change and development in Myanmar. With the country almost fully connected, the opportunities are greater than ever before. I can’t wait to work even more closely with the community and to help Myanmar make this digital leapfrog”.
Jes brings more than a decade of experience as an entrepreneur working with mobile technology in emerging markets. Prior to moving to Myanmar, Jes co-founded Paywast, Afghanistan’s largest social network. He also founded an India-based mobile marketing and tech company.
After more than three years creating and building Phandeeyar, Founder David Madden will be stepping back from the day-to-day leadership of the organization. He’ll be focusing on long-term strategy as President and Chair of Phandeeyar’s Board.
Please help us in welcoming Jes to his new role.
——-
(ZawGyi)
——-
(Unicode)
စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ခုကို ဖန်တီးရာမှ တင်ဆက်ချင်ပါတယ်။ ဖန်တီးရာရဲ့ CEO အသစ်အဖြစ် Jes Kaliebe Petersen က ဂျူလိုင်လ ၁ ရက်နေ့မှစတင်ပြီး တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။ Jes က အခုမှဖန်တီးရာကို ရောက်ရှိလာသူမဟုတ်ပဲ ဖန်တီးရာရဲ့ Accelerator Director အဖြစ် လူအများ သိရှိကြပြီးဖြစ်ပါတယ်။
ဖန်တီးရာကို ဦးဆောင်သူ CEO ကို ရှာဖွေရတာ လွယ်ကူတဲ့ လုပ်ငန်းတစ်ခုမဖြစ်ခဲ့ပါဘူး။ ဖန်တီးရာ board အဖွဲ့က ဖန်တီးရာကို ဦးဆောင်ပြီး ပိုမိုတိုးတက်အောင် ပြုလုပ်နိုင်သူတွေကို ကမ ္ဘာအနှံ့အပြားမှာ ၆ လတိုင်တိုင် ရှာဖွေမှုပြုလုပ်ခဲ့ပါတယ် ။ Jes ကအလားအလာရှိတဲ့ CEOလောင်း ၄၀၀ ကျော်ထဲမှာ အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့ပါတယ်။
ဖန်တီးရာရဲ့ လက်ရှိ CEO နဲ့ Founder ဖြစ်တဲ့ David Madden က “Jes က သူ့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို ပြသခဲ့ပြီးဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Startup Accelerator ကို အောင်မြင်အောင် စီမံခန့်ခွဲနိုင်ခဲ့တယ် ၊ Founder Institute ကိုလည်း launch လုပ်နိုင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး Startup Challenge ပြိုင်ပွဲကိုလည်း organize လုပ်နိုင်ခဲ့ပါတယ်။”
Jes က “ မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေမှာ နည်းပညာသုံးပြီး ပိုမိုတိုးတက်အောင်ပြုလုပ်ဖိုု့ ကျတော် စိတ်အားထက်သန်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံက လူတွေ တော်ာတော်များများလည်း နည်းပညာကွန်ယက်တွေနဲ့ ချိတ်ဆက်နေပြီးသားဖြစ်နေကြပြီး အခွင့်အရေးတွေလည်း ပိုမိုရရှိကြလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နည်းပညာ တစ်ဟုန်ထိုးတိုးတက်ပြောင်းလဲမှု (Digital Leapfrog) မှာ ကျတော့်အနေနဲ့ တစ်တပ်တစ်အား ပါဝင်ပြီး လူအများရဲ့ အကျိုးကိုပြုနိုင်ဖို့ မစောင့်မျှော်နိုင်အောင် ဖြစ်နေပါတယ် “ လို့ပြောကြားသွားခဲ့ပါတယ်။
ဖွွံဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ Mobile နည်းပညာ အသုံးပြုပြီး လုပ်ငန်းတွေလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေ က Jes ဆီမှာ ဆယ်စုနှစ်တစ်ခုမက ရှိခဲ့ပြီးသားပါ။ မြန်မာနိုင်ငံကို မရွေ့ပြောင်းခင်မှာ အာဖဂန်နိုင်ငံရဲ့ အကြီးမားဆုံး Social Network ဖြစ်တဲ့ Paywest ရဲ့ ပူးတွဲတည်ထောင်သူဖြစ်ခဲ့ပါတယ်။ အဲတာအပြင် အိန္ဒိယအခြေစိုက် mobile marketing နှင့် tech ကုမ္ပဏီ ရဲ့တည်ထောင်သူလည်း ဖြစ်ပါတယ်။
ဖန်တီးရာကို ၃ နှစ်ကျော် အချိန်ပေးပြီး တည်ဆောက်ခဲ့တဲ့ Founder David Madden က ဖန်တီးရာရဲ့ နေ့စဉ်စီမံခန့်ခွဲမှု အလုပ်တွေကို လုပ်တော့မှာမဟုတ်ပဲ ဖန်တီးရာ board အဖွဲ့ ရဲ့ President and Chair အဖြစ် ဖန်တီးရာရဲ့ ရေရှည်နည်းဗျုဟာချမှတ်မှုအပိုင်းမှာ ပါဝင်သွားမှာဖြစ်ပါတယ်။
ဖန်တီးရာရဲ့ CEO အသစ်ဖြစ်လာမယ့် Jes ကို ကြိုဆိုလိုက်ကြရအောင်။