Customer Lifetime Value & Customer Acquisition Cost

LTV (customer lifetime value) or CLTV – သုံးစွဲသူ (သို့) ဖောက်သည် ၁ဦး၏ သုံးစွဲသည့်၊ အားပေးသည့် သက်တမ်းအတွင်း ရရှိသည့် ပျမ်းမျှဝင်ငွေ ကိုရည်ညွှန်းသည်။

CPA (cost per acquisition) or CAC (customer acquisition cost) – သုံးစွဲသူ (သို့) ဖောက်သည် ၁ဦးရရန် သုံးစွဲရသည့် ပျမ်းမျှကုန်ကျစရိတ် ကိုရည်ညွှန်းသည်။

လုပ်ငန်းတစ်ခုတွင် LTV သည် CPA ထက်များမှသာ အမြတ်ရနိုင်ပြီး လုပ်ငန်း ချဲ့ထွင်နိုင်သော အနေထားသို့ ရောက်ရှိနိုင်သည်။  LTV : CPA အချိုးသည် ၁ ချိုး ၁ ချိုး ဖြစ်နေပါက သင်သည် အရောင်းမြှင့်တင်ရေးအတွက် အလွန်အကျွံသုံးနေခြင်းဖြစ်သည်။ ယေဘူယအားဖြင့် LTV : CPA အချိုးသည် ၃ ချိုး ၁ ချိုး အနည်းဆုံးရှိမှသာ တွက်ခြေကိုက်နိုင်သည်။ အချိုးများလေလေ ပိုမိုအမြတ်ရသော်လည်း အမြတ်ရရှိရေး၊ စျေးကွက်ရရှိရေး နှင့် ရေရှည်စီးပွားဖြစ်ရေး တို့ကို သဟဇာတဖြစ်အောင် စီမံသင့်သည်။  ၅ ချိုး ၁ ချိုး လောက်ဆို အမြတ်များပေမယ့်၊ အရောင်းမြှင့်တင်ရေးအတွက် ပိုသုံးသင့်ပြီး ဖောက်သည်များလာအောင် လုပ်ငန်းတိုးချဲ့သင့်သည်။

ဥပမာ။ သင်သည် ဖွဘုတ် ပေါ်တွင် စာမျက်နှာတစ်ခုဖွင့်ပြီး စျေးရောင်းသည် ဆိုပါစို့။

ထိုစာမျက်နှာတွင် လိုက်များများရရန် ဘော်ဒါများအား လိုက်ခိုင်းခြင်း၊ ကြော်ငြာထည့်ခြင်း၊ သင့်ရောင်းသည့် ကုန်ပစ္စည်းများနှင့် သက်ဆိုင်သည့် post များရေးသား၍ boost လုပ်ခြင်း၊ ထို post များကို ဘော်ဒါများအား share ခိုင်းခြင်း၊ ဆယ်လီများမှတစ်ဆင့် တွန်းခိုင်းခြင်း စသည့် နည်းအမျိုးမျိုးဖြင့် သင့် စာမျက်နှာကို လူများများရောက်လာရန် လုပ်မယ်ပေါ့။ ထိုသို့ ပြုလုပ်ခြင်းအတွက် ကျသင့်သည့် ကုန်ကျစရိတ် များအားလုံးပေါင်းပြီး ရသည့် ဖောက်သည်အရေအတွက်ဖြင့် စားပါက CPA ရရှိမည်ဖြစ်သည်။

အချို့လူများမှ သင် အမြတ်တင်ရောင်းသော ကုန်ပစ္စည်းကို ဝယ်ယူလျှင် သင်အမြတ်ရမည်။ အမယ်များများ အကြိမ်အရေအတွက်များများ ဝယ်ယူမည်ဆိုပါက သင်အမြတ်ပိုရလေလေ ဖြစ်သည်။ ထို့အတွက်လည်း LTV ပိုကောင်းလေလေဖြစ်သည်။ အချို့ဖောက်သည်များသည် သင်၏ ဝန်ဆောင်မှုကြောင့် ဖြစ်စေ၊ ကုန်ပစ္စည်း အရည်အသွေးကြောင့် ဖြစ်စေ၊ စျေးနှုန်းကြောင့် ဖြစ်စေ၊ ပြိုင်ဖက်များကြောင့်ဖြစ်စေ သင့်ထံမှ ထပ်မံမဝယ်တော့ပါက ထိုဖောက်သည်များကို သင်ဆုံးရှုံးပြီး LTV ကိုလျှော့စေနိုင်သည်။

LTV : CPA အချိုးကို သင့် လုပ်ငန်းအနေအထားအမျိုးအစားအလိုက် သင့်လျှော်သလို အသုံးပြုနိုင်ပြီး သင့်လုပ်ငန်း တိုးချဲ့သင့်မသင့် စဉ်းစားသင့်သည်။ လုပ်ငန်းအလိုက် LTV : CPA တွက်ချက်ပုံများကို အောက်တွင် ဖော်ပြထားသည်။ အကယ်၍ LTV : CPA အချိုးနည်းနေတုန်း လုပ်ငန်းတိုးချဲ့ပါက ချဲ့လျှင်ချဲ့သမျှ အရှုံးပေါ်နေမည်ကို သတိပြုသင့်သည်။

PBP (payback period) − သုံးစွဲသူ သို့ ဖောက်သည် ၁ဦးရရန် သုံးစွဲရသည့် ပျမ်းမျှကုန်ကျစရိတ် (CAC) သည် ကြိုစိုက် သုံးစွဲထားရသည့် ငွေဖြစ်ပြီး၊ PBP ဆိုသည်မှာ ထိုသုံးစွဲထားသောငွေပြန်ရရန် လိုအပ်သည့် အချိန်ဖြစ်သည်။ PBP တိုတောင်းပါက အကောင်းဆုံးဖြစ်ပြီး၊ ရင်းနှီးငွေ နဲနဲဖြင့် လုပ်ငန်းကို မြန်ဆန်စွာ တိုးချဲ့လည်ပတ်နိုင်သည်။ PBP ကြာရှည်ပါက (ဥပမာ ၁ နှစ် အထက်) ရင်းနှီးထားသောငွေ ပြန်ပေါ်ရန် စောင့်ဆိုင်းရမည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်ရန် အခက်ကြုံနိုင်သည်။

CPA တွက်ချက်နည်း

($) CPA = ($) Total sales and marketing expenses / (#) new customers acquired

လုပ်ငန်းအလိုက် LTV တွက်ချက်နည်းများ

Software-as-a-service လုပ်ငန်းများအတွက်

($) LTV = ($) Average monthly revenue per customer X (# months) customer lifetime

($) LTV = ($) Average monthly revenue per customer / monthly churn

Ecommerce လုပ်ငန်းများအတွက်

($) LTV = ($) Average Order Value X (#) Repeat Sales X(# months) Average Retention

Mobile apps လုပ်ငန်းများအတွက်

($) LTV =  ($) Average revenue per user X (1/monthly churn) + ($) Referral value

($) LTV = ($) Average monthly recurring revenue per account X (1/monthly churn) X gross margin (%)

($) LTV = ($) Average Order Value X (#) Repeat Sales X(# months) Average Retention X (%) gross margin

Comments are closed.