ဆန်းသစ်တီထွင်မှု (innovation) နှင့် နည်းပညာ အခြေခံသော စီးပွားရေး လုပ်ငန်းများအနေနှင့် ဆန်းသစ်တီထွင်မှုများကို စျေးကွက်အတွင်း ထိုးဖောက်ရာတွင် သိသင့်သည် သီအိုရီ ၂ ခုဖြစ်သော Innovation S-curve နှင့် Diffusion of Innovations တို့ကို ဆွေးနွေးမှာဖြစ်ပါသည်။
ဆန်းသစ်တီထွင်မှုများ အမျိုးမျိုးရှိပြီး၊ Oslo OECD Manual အရ အဓိက ၄ မျိုးသတ်မှတ်ထားရာ
Product/service innovation − ရောင်းကုန် သို့မဟုတ် ဝန်ဆောင်မှု တို့အား ပိုမိုကောင်းမွန်အောင် ဆန်းသစ်တီထွင် ထားခြင်း
Process innovation − ရောင်းကုန် ထုတ်လုပ်သည့် နည်းလမ်းအား ဆန်းသစ်တီထွင် ထားခြင်း၊ ဝန်ဆောင်မှုပေးသည့် ပုံစံအား ဆန်းသစ်တီထွင်…