8 Business Models

Freemium Model

Freemium Model / အမြည်းပေး အရောင်း ပုံစံ

သင့်မှာ နွားတစ်ကောင် ရှိသည်။

နွားနို့ကို အခမဲ့ အမြည်းပေးသည်။

နွားနို့ထည့်သည့် ဘူး အတွက်သာ ပိုက်ဆံ ယူသည်။

ဝန်ဆောင်မှုအချို့အား အခမဲ့ အမြည်းပေးပြီး အပိုဆောင်း ဝန်ဆောင်မှုများအား ရောင်းချခြင်းဖြစ်သည်။

ဥပမာ။ Skynet (free to air channels), Candy Crush, Clash of Clans

Direct sales model

Direct Sales Model / တိုက်ရိုက် အရောင်း ပုံစံ

သင့်မှာ နွားတစ်ကောင် ရှိသည်။

နွားနို့ကို အိမ်တိုင်ယာရောက် ရောင်းသည်။

တိုက်ရိုက် ရောင်းချရာတွင် ဆိုင်များဖွင့်လှစ်ထားခြင်း မရှိပဲ၊ ခန့်အပ်ထားသည် အရောင်းဝန်ထမ်းများမှ တစ်အိမ်ဝင် တစ်အိမ်ထွက် ရောင်းကုန်အကြောင်း ရှင်းပြ၍ လိုက်လံရောင်းချခြင်းဖြစ်သည်။

ဥပမာ။ Avon, Mary Kay, Traveling Vineyard

Subscription model

Subscription Model / လပေး အရောင်း ပုံစံ

သင့်မှာ နွားတစ်ကောင် ရှိသည်။

နွားနို့ ၁ ဘူးကို ကျပ် ၁၀၀၀ ဖြင့်ရောင်းသည်။

နွားနို့ ၂၀ ဘူးကို ၁ လ အတွက် ကျပ် ၁၅၀၀၀ ဖြင့်ရောင်းသည်။

လပေး ရောင်းချရာတွင် ဖောက်သည်များကို လပေါင်းများစွာ သုံးစွဲရန် ရည်ရွယ်ပြီး၊ ၁ လလျှင် အခငွေ အနည်းအကျဉ်းသာ ကျသင့်သည့် အရောင်း ပုံစံဖြစ်သည်။

ဥပမာ။ Skynet (paid channels), iFlix, Google G Suite

Franchise model

Franchise Model / လုပ်ပိုင်ခွင့်ယူ၍ ရောင်းသည့် ပုံစံ

သင့်မှာ နွားတစ်ကောင် ရှိသည်။

အောင်မြင်သည့်  လုပ်ငန်း ၁ ခုမှ နည်းပညာ ရယူ၍ နွားနို့ ထုတ်သည်။

နွားနို့ ကို ထိုလုပ်ငန်း ကုန်အမှတ်တံဆိပ် သုံး၍ ရောင်းသည်။

အောင်မြင်မှုရှိပြီးသော လုပ်ငန်းမှ လုပ်ပိုင်ခွင့်၊ နည်းပညာ၊ ဗျူဟာများ ရယူ၍ ကိုယ်ပိုင်မတည်ကာ ဦးစီး လုပ်ကိုင်သည့် လုပ်ငန်းဖြစ်သည်။

ဥပမာ။ Black Canyon, KFC, Pizza Company, Lotteria, Novotel, Hilton

Loss Leader model

Loss Leader Model / အရှုံးခံ အရောင်း ပုံစံ

သင့်မှာ နွားတစ်ကောင် ရှိသည်။

နွားနို့ကို ထက်ဝက်လျှော့၍ ကျပ် ၅၀၀ ဖြင့်ရောင်းသည်။

အသားဓါတ်မြှင့်၊ အဆီလျှော့ နို့ဒိန်ချဉ်ကို ကျပ် ၅၀၀၀ ဖြင့်ရောင်းသည်။

အချို့ ကုန်ပစ္စည်းများအား အရှုံးခံရောင်းချကာ ဝယ်သူများကို စွဲဆောင်၍ အခြား ပိုမိုစျေးကြီးသည့် အရာများကို ရောင်းချခြင်း ဖြစ်သည်။

ဥပမာ။ Printer and ink cartridges, Microsoft (Xbox), Sony PlayStation

On demand model

On Demand Model / လိုအပ်ချိန်တွင် ချက်ခြင်း ရောင်းသည့် ပုံစံ

သင့်မှာ နွားတစ်ကောင် ရှိသည်။

လိုအပ်သည့်အခါ နွားနို့မှာရန်အတွက် app လုပ်ထားသည်။

မှာသည်နှင့် ချက်ခြင်း နွားနို့ ပို့ပေး ရောင်းချသည်။

အခုလို အခုမှာ ချက်ချင်း အရောက်ပို့ ရောင်းချသည့် ပုံစံဖြစ်သည်။

ဥပမာ။ Oway Ride, Grab, Food2U, Yangon Door2Door

Ziferblat model

“Ziferblat” Model / ကြာချိန်တွက်၍ ရောင်းသည့် ပုံစံ

သင့်မှာ နွားတစ်ကောင် ရှိသည်။

သင့်နွားခြံသို့ လာ၍ နွားနို့ကြိုက်သလောက် အခမဲ့ သောက်သုံးနိုင်သည်။

နွားခြံထဲတွင် ရှိနေသည့် ကြာချိန်ကို တွက်ချက်၍ အခငွေ ယူသည်။

ကြာချိန်သာ တွက်ချက်၍ အခငွေယူပြီး၊ အခြား ဝန်ဆောင်မှုများကို စိတ်ကြိုက် လိုသလို သုံးဆောင်နိုင်သည့် ပုံစံဖြစ်သည်။

ဥပမာ။ Ziferblat Cafe, HouseRules.Cafe Yangon, Phandeeyar Co-working Space, Hotpot City (90 minutes)

Crowdsourcing model

Crowdsourcing Model / လူအများ ထည့်ဝင်ငွေယူ၍ လည်ပတ်သည့် ပုံစံ

သင့်မှာ နွား မရှိပါ။

နွားဝယ်ရန် လူအများမှ ထည့်ဝင်ငွေကို ရယူသည်။

ထည့်ဝင်သည့်အတွက် ၁ဦးစီကို အော်ဂဲနစ် နွားနို့ ၁၀ဘူး ပြန်လည်ပေးမည်။

လူအများ ပါဝင်လာအောင် စွဲဆောင်နိုင်သည့် ပုံစံမျိုးဖြစ်ပြီး၊ စုပေါင်းထည့်ဝင်၍ စီမံကိန်းတစ်ခုဖြစ်စေ၊ အလှူတစ်ခုဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်စေ စတင်သည့် ပုံစံဖြစ်သည်။

ဥပမာ။ ဒို့အိမ် (DohEain), ရပ်ကွက် အလှူ, Kickstarter, IndieGoGo, JustGiving

The content and martial in this post is referenced and inspired by: link